၀၉ ၄၃၁ ၇၀၀ ၃၄

"Youth for Youth, Youth for Community..."

COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အသံချဲ့ဖြင့် လှည့်လည်အသိပညာပေး ဆောင်ရွက်ခြင်း

COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အသံချဲ့ဖြင့် လှည့်လည်အသိပညာပေး ဆောင်ရွက်ခြင်း

အောက်တိုဘာ 05, 2020

မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ကမ္ဘာ့ကပ်ရောဂါ ဘေးမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် သရက်မြို့နယ်နှင့် အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အပတ်စဉ် အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး (Mobile Awareness) လုပ်ငန်းစဉ်ကို ဆောင်ရွက်လျှက်ရှိပါသည်။

Vinyl poster on COVID-19 Health Information in Aunglan

COVID-19 အသိပညာပေး ဗွီနိုင်းများ၊ ပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်း၍ ရပ်ရွာအတွင်း ချိတ်ဆွဲရန် အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။ ဤအစီအစဉ်ကို International Organization for Migration (IOM) ၏ ပံ့ပိုးကူညီဖြင့် SCVG အဖွဲ့သည် သရက်မြို့နယ်ရှိ မဟေသီအဖွဲ့၊ အောင်လံမြို့နယ်ရှိ လူငယ်ရေးရာကော်မတီတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါသည်။

Two volunteers in front of a house of village administrator

“ COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အတတ်နိုင်ဆုံး အိမ်မှာပဲနေပါ၊ မဖြစ်မနေ အပြင်ထွက်ရပါက mask တပ်ပါ၊ နှာချေ၊ ချောင်းဆိုးလျှင် တံတောင်းကိုအသုံးပြုပါ၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောပါ”

ပြည်သူများအားလုံး COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးမှ ကင်းဝေးနိုင်ကြပါစေ …

Spread the love