Social Care Volunteer Group (SCVG) သည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် လူငယ် (၇) ဦးမှ စတင်ဦးဆောင်၍ ဖွဲ့စည်းခဲ့သော မကွေးမြို့အခြေစိုက်၊ အကျိုးအမြတ်မယူသော၊ ဘာသာရေး၊ လူမျိုးရေးဘက်လိုက်မှု မရှိသော၊ ပါတီနိုင်ငံရေး မလုပ်သော အရပ်ဘက်လူမှု အဖွဲ့အစည်း တစ်ဖွဲ့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တွင် အသင်းအဖွဲ့များမှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်အမှတ် (၂/ မကွေး/ ၀၀၀၆) ဖြင့် မှတ်ပုံတင်ထားသည့် ပြည်တွင်း အရပ်ဘက်လူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
စတင်ထည်ထောင်ခဲ့စဉ် အချိန်က လူငယ်များကြား စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ အိတ်ချ်အိုင်ဗွီ(HIV) အသိပေးလုပ်ငန်းများကို မကွေးမြို့ပေါ်နှင့် အနီးနားကျေးရွာများတွင် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၀၀၉ ခုနှစ်မှ စတင်၍ MTV/ Staying Alive Foundation ၏ ရံပုံငွေပံ့ပိုးမှုဖြင့် တက္ကသိုလ် ကျောင်းသား လူငယ်များအကြား အိတ်ချ်အိုင်ဗွီ(HIV) ကာကွယ်တားဆီးရေးနှင့် အသိပညာ မြှင့်တင်ရေး စီမံချက်ကိုဆောင်ရွက်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ကလေးသူငယ် အခွင့်အရေးများ စီမံအုပ်ချုပ်မှု၊ ကာကွယ်စောင့်ရှောက်ရေး၊ တရားဥပဒေစိုးမိုးမှုနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး၊ ဆယ်ကျော်သက်များအတွက် ကျောင်းကျန်းမာရေး အထောက်အကူပြု နည်းပညာနှင့် ပစ္စည်းများပံ့ပိုးခြင်း၊ လူငယ်စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ကျား-မရေးရာနှင့် ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၁၁) နှစ်တာ ကာလအတွင်းတွင် မကွေးတိုင်းဒေသကြီး၊ မြို့နယ် (၁၇) မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ (၃၉၆) ရှိ လူဦးရေစုစုပေါင်း (၈၇,၄၄၉)အား ရံပုံငွေကျပ် (၆၀၃,၈၅၁,၄၇၇) ကို စီမံချက်လုပ်ငန်း (၁၉) ခုမှ တဆင့် အကျိုးပြုစေခဲ့ပါသည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များသည် စွမ်းဆောင်ရည် ပြည့်ဝပြီး ယုံကြည်ကိုးစားထိုက်သော အင်အားစုတစ်ရပ် ဖြစ်လာရန်။
SCVG သည် အကျိုးစီးပွားမရှာသော၊ အစိုးရမဟုတ်သော၊ ပါတီနိုင်ငံရေး မလုပ်သော၊ ဘာသာရေး ဘက်လိုက်မှုမရှိသော အဖွဲ့အဖြစ် ရပ်တည်၍ ကလေးသူငယ်နှင့် လူငယ်များ အတွက် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ၎င်းတို့၏ ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် –
SCVG ၏ အနာဂါတ် မျှော်မှန်းချက်များ အောင်မြင်ထိရောက်စွာ ရရှိစေရန်အတွက် အဖွဲ့အစည်းအား ဦးဆောင်လမ်းညွှန်ထိန်းကျောင်းပေးရန်၊ စီမံခန့်ခွဲမှု တာဝန်နှင့် အဖွဲ့အစည်း၏ စီမံအုပ်ချုပ်မှု တာဝန်များအကြား ရှင်းလင်းပြတ်သားစွာ ခွဲခြားထားရန်၊ အဖွဲ့အစည်း၏ လုပ်ငန်းများ စံမံခန့်ခွဲ အကောင်အထည်ဖော်မှုကို လမ်းညွှန်ထိန်းကျောင်း ဆောင်ရွက်နိုင်ရန်နှင့် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုများကို အလုံးစုံ တာဝန်ခံဆောင်ရွက်နိုင်ရန် အတွက် ရည်ရွယ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့ကို ဖွဲ့စည်းထားရခြင်း ဖြစ်ပါသည်။
ယခင်က အဖွဲ့အစည်း၏ စီမံအုပ်ချုပ်မှု တာဝန်ကို ခေါင်းအစဉ်အမည်နာမ အမျိုးမျိုးဖြင့် သတ်မှတ်ဆောင်ရွက်ခဲ့ဖူးသည်။ အောက်ဖော်ပြပါ လူပုဂ္ဂိုလ်များသည် အဖွဲ့အစည်း၏ အကြံပေးအဖွဲ့ သို့မဟုတ် စီမံအုပ်ချုပ်မှုတာဝန်ကို စေတနာအလျှောက် တာဝန်ထမ်းဆောင်ခဲ့ကြသူများအဖြစ် ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။
လက်ရှိအချိန်တွင် တာဝန်ထမ်းဆောင်နေကြသူများမှာ –
ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ ကိုယ်စား၊ အဖွဲ့၏ အနာဂါတ် မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ချမှတ်ထားသော မဟာဗျူဟာပန်းတိုင်များကို ရရှိအောင်မြင်စေရန်အတွက် အဖွဲ့ကို တာဝန်ယူ၊ တာဝန်ခံပြီး လုပ်ဆောင်ရန်၊ စီမံခန့်ခွဲရန်နှင့် ညွှန်ကြားချက်ရန်ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။
SCVG အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အဝေးရောက်နေသူများ၊ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခြင်း မရှိသော်လည်း မိမိ၏ အတွေ့အကြုံ၊ ပညာရပ်များ၊ ကျွမ်းကျင်မှုများကို အဖွဲ့အစည်းအတွက် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပံ့ပိုးနေသူများကို ဆိုလိုသည်။
လက်ရှိအချိန် (၂၀၁၈ ခုနှစ်၊ စက်တင်လာလထိ) တွင် အဖွဲ့ဝင် (၂၉) ဦးကျော် ရှိပါသည်။