ခွဲခြားဆက်ဆံမှု မပြုခြင်း ဆိုသည်မှာ အသက်၊ ကျား-မ၊ လူမျိုး၊ အသားအရောင်၊ ပညာအရည်အချင်း၊ ကိုးကွယ်ယုံကြည်မှု ...
Read Moreအပြန်အလှန်လေးစားမှုရှိခြင်း ဆိုသည်မှာ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော၊ နှစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့ထက်ပိုသော အချင်းချင်းကြား ...
Read Moreစဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း ဆိုသည်မှာ အကြောင်းအရာ တစ်ခုခုကို နားလည်ရန် သို့မဟုတ် အသိပညာတိုးပွားရန် ...
Read Moreတာဝန်ယူမှု၊ တာဝန်ခံမှု ရှိခြင်း ဆိုသည်မှာ မိမိ၏ စိတ်ဆန္ဒ သဘောထားအရ လုပ်ဆောင်မည်ဟု ပြောထားသော ...
Read Moreပွင့်လင်းမြင်သာမှုရှိခြင်း ဆိုသည်မှာ လူတစ်ဦး တစ်ယောက်ချင်းစီ အကြားတွင်ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုနှင့် တစ်ခုအကြားတွင် ဖြစ်စေ ...
Read MoreSocial Care Volunteer Group (SCVG) သည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် လူငယ် (၇) ဦးမှ စတင်ဦးဆောင်၍ ဖွဲ့စည်းခဲ့သော မကွေးမြို့အခြေစိုက်၊ အကျိုးအမြတ်မယူသော၊ ဘာသာရေး၊ လူမျိုးရေးဘက်လိုက်မှု မရှိသော၊ ပါတီနိုင်ငံရေး မလုပ်သော အရပ်ဘက်လူမှု အဖွဲ့အစည်း တစ်ဖွဲ့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တွင် အသင်းအဖွဲ့များမှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်အမှတ် (၂/ မကွေး/ ၀၀၀၆) ဖြင့် မှတ်ပုံတင်ထားသည့် ပြည်တွင်း အရပ်ဘက်လူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
စတင်ထည်ထောင်ခဲ့စဉ် အချိန်က လူငယ်များကြား စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ အိတ်ချ်အိုင်ဗွီ(HIV) အသိပေးလုပ်ငန်းများကို မကွေးမြို့ပေါ်နှင့် အနီးနားကျေးရွာများတွင် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၀၀၉ ခုနှစ်မှ စတင်၍ MTV/ Staying Alive Foundation ၏ ရံပုံငွေပံ့ပိုးမှုဖြင့် တက္ကသိုလ် ကျောင်းသား လူငယ်များအကြား အိတ်ချ်အိုင်ဗွီ(HIV) ကာကွယ်တားဆီးရေးနှင့် အသိပညာ မြှင့်တင်ရေး စီမံချက်ကိုဆောင်ရွက်ခဲ့ပါသည်။
Read More