Social Care Volunteer Group (SCVG) သည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် လူငယ် (၇) ဦးမှ စတင်ဦးဆောင်၍ ဖွဲ့စည်းခဲ့သော မကွေးမြို့အခြေစိုက်၊ အကျိုးအမြတ်မယူသော လူငယ်များဦးဆောင်သည့် အရပ်ဘက်လူမှု အဖွဲ့အစည်း တစ်ဖွဲ့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တွင် အသင်းအဖွဲ့များမှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်အမှတ် (၂/ မကွေး/ ၀၀၀၆) ဖြင့် မှတ်ပုံတင်ထားသည့် ပြည်တွင်း အရပ်ဘက်လူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။