၀၉ ၄၃၁ ၇၀၀ ၃၄

"Youth for Youth, Youth for Community..."

မဟာဗျူဟာ (၂၀၁၈ – ၂၀၃၀)

SCVG သည် အောက်ဖော်ပြပါ မဟာဗျူဟာ (၅) ခုကို (၂၀၁၈) ခုနှစ်မှ (၂၀၃၀) ခုနှစ်ထိ ရည်မှန်းချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

မဟာဗျူဟာ (၁) - စွမ်းဆောင်ရည် မြှင့်တင်ခြင်း

မဟာဗျူဟာ (၁) - စွမ်းဆောင်ရည် မြှင့်တင်ခြင်း

SCVG သည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များနှင့် ကလေးသူငယ်များ အရေးကို ရှေးရှု၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ကောင်းမွန်သော စီမံအုပ်ချူပ်မှု၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေး၊ ကျန်းမာရေး စသည့် သက်ဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး လူငယ်များ၊ ကလေးသူငယ်များ၊ ၄င်းတို့နှင့်ပတ်သက် ဆက်နွယ်သူများ၏ အသိပညာ၊ ခံယူချက်နှင့် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးလာစေရန်အတွက် ပံ့ပိုးကူညီသွားမည်။

မဟာဗျူဟာ (၂) - လူငယ့်ရပ်ဝန်း ဖန်တီးပေးခြင်း

မဟာဗျူဟာ (၂) - လူငယ့်ရပ်ဝန်း ဖန်တီးပေးခြင်း

SCVG သည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များနှင့် ကလေးသူငယ်များ အရေးကို ရှေးရှု၍ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ကောင်းမွန်သော စီမံအုပ်ချူပ်မှု၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေး၊ ကျန်းမာရေး စသည့် သက်ဆိုင်ရာကဏ္ဍများနှင့် ပတ်သက်ပြီး လူငယ်များအနေဖြင့် သတင်းအချက်အလက်များ၊ အသိပညာများ၊ အတွေ့အကြုံများ မျှဝေပေးရန်၊ မတူညီကွဲပြားသော လူငယ်များအကြား စုပေါင်းဆောင်ရွက်တတ်သော အလေ့အထများဖွံ့ဖြိုးလာစေပြီး ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးဆောင်ပြုလုပ်နိုင်ရန်နှင့် လူငယ်များအကြား ချိတ်ဆက်ဆောင်ရွက် နိုင်မှုများ ခိုင်မာအားကောင်းလာစေရန်အတွက် ကူညီပေးမည့် လူငယ့်ရပ်ဝန်း ဖန်တီးဆောင်ရွက်သွားမည်။

မဟာဗျူဟာ (၃) - သုတေသန

မဟာဗျူဟာ (၃) - သုတေသန

SCVG သည် မြန်မာနိုင်ငံ အတွင်းရှိ လူငယ်များနှင့် ကလေးသူငယ် များအရေးကို ရှေးရှု၍ သဘာ၀ဘေး အန္တရာယ် စီမံခန့်ခွဲမှု၊ ကောင်းမွန်သော စီမံအုပ်ချူပ်မှု၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေး၊ ကျန်းမာရေးစသည့် သက်ဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည်။

မဟာဗျူဟာ (၄) - စည်းရုံး တိုက်တွန်း လှုံ့ဆော်ခြင်း

မဟာဗျူဟာ (၄) - စည်းရုံး တိုက်တွန်း လှုံ့ဆော်ခြင်း

SCVG သည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များနှင့် ကလေးသူငယ်များ အရေးကို ရှေးရှု၍ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ကောင်းမွန်သော စီမံအုပ်ချူပ်မှု၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရေး၊ ကျန်းမာရေးစသည့် သက်ဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ၊ ထိရောက်ကောင်းမွန် အသက်၀င်လာစေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ စည်းရုံးတိုက်တွန်း လှုံ့ဆော်သွားမည်။

မဟာဗျူဟာ (၅) - မိတ်ဖက်လက်တွဲ ဆောင်ရွက်ခြင်း

မဟာဗျူဟာ (၅) - မိတ်ဖက်လက်တွဲ ဆောင်ရွက်ခြင်း

SCVG သည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များနှင့် ကလေးသူငယ်များ အရေးကို ရှေးရှု၍ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ကောင်းမွန်သော စီမံအုပ်ချူပ်မှု၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေး၊ ကျန်းမာရေး စသည့် သက်ဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသော မိတ်ဖက်လူပုဂ္ဂိုလ်၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်သွားမည်။

စီမံကိန်းနှင့် ပန်းတိုင်များ

ဘေးအန္တရာယ်စီမံခန့်ခွဲမှု စီမံကိန်းပန်းတိုင်

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ လူငယ်နှင့် ကလေးသူငယ်များအတွက် ပဋိပက္ခနှင့် ဘေးအန္တရာယ်ခံနိုင်ရည် မြင့်မားသော လူမှု၀န်းကျင် ဖြစ်ပေါ်လာစေရမည်။

ကောင်းမွန်သော စီမံအုပ်ချူပ်မှု စီမံကိန်းပန်းတိုင်

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ လူငယ်နှင့် ကလေးသူငယ်များအတွက် ထိရောက်ကောင်းမွန်သော မူဝါဒများ၊ ဥပဒေများ၊ စီမံအုပ်ချူပ်မှု စနစ်နှင့် အလေ့အထများ အသက်၀င် အားကောင်းလာစေရမည်။

ကျန်းမာရေး စီမံကိန်းပန်းတိုင်

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ လူငယ်နှင့် ကလေးသူငယ်များအတွက် ရောဂါတားဆီးကာကွယ်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှု များကို လက်လှမ်းမီစေရန် ပံ့ပိုးကူညီပေးခြင်းအားဖြင့် ၄င်းတို့၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေရမည်။

ငြိမ်းချမ်းရေးနှင့် တရားမျှတမှု မြှင့်တင်ရေး စီမံကိန်းပန်းတိုင်

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ လူငယ်နှင့် ကလေးသူငယ်များအတွက် ငြိမ်းချမ်း၍တရားမျှတသော လူမှုဝန်းကျင် ဖြစ်ပေါ်လာစေရမည်။

လက်ရှိပရောဂျက်များ

Name of the ProjectTarget populationPeriodState/ RegionFundingThematic
FromToContract ValueSource
Leaving No Child BehindChildren, Parents, Parent-Teacher Association, Child Rights Committee, Village Administrators, Para-social Worker1 Jan 201931 Dec 2020MagwayMMK 365,821,481

(NOK 2,188,631)

Norad/ Save the ChildrenEducation

Child Projection

Child Rights Governance

Cross Cutting

Partnerships

Gender

Disabilities

Child Participation

Programme Quality

Strengthening of civil society

Twe LetReturning Migrants, Aspirant Migrants, Migrants Sending Households,

Victim of Trafficking,

Vulnerable Migrants

1 Mar 202030 Jun 2021Magway, MandalayMMK 511,409,687

(USD 358,381)

LIFT Fund/ IOMPre-migration Outreach,

Microenterprise,

Skills Development

Promoting the Rule of Law in Anti-Trafficking in Persons in Dry ZoneMigrant Workers and Migrant Sending Households, Paralegal Volunteers,

Survivors of Trafficking

10 Feb 20209 Mar 2022MagwayMMK 144,455,000

 

USAID/ PRLMSafe & Secure Migration,

Legal Advice and assistant for Trafficking in Persons

Legal Aid Services for Access to JusticeCriminal accused person especially women, children, elders, youth, people suffering from HIV/AIDS Infection and other diseasesMarch 2020February 2022Magway

Mandalay

MMK 223,246,000USAID PRLMLegal Aid Services

(Legal Consultation)

(Legal Advice)

(Legal Representation)

Legal Education

ထည့်သွင်းစဉ်းစားမည့် ကိစ္စရပ်များ

SCVG သည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်နှင့် ကလေးသူငယ်များအတွက် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျား-မရေးရာ၊ မသန်စွမ်းနှင့် လူနည်းစု လူမျိုးစုရေးရာ ကိစ္စများကို ဦးစားပေး ထည့်သွင်းလုပ်ဆောင်သွားမည်။