+95 (9) 43170034

"Youth for Youth, Youth for Community..."

မိသားစုဓါတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

မိသားစုဓါတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

October 28, 2020

ပြိုင်ပွဲခေါင်းစဉ် “မိသားစုနှင့်အတူ ဘေးကင်းလုံခြုံပျော်ရွှင်စွာ ကျန်းကျန်းမာမာ နေထိုင်ပါ (Staying Safe, Healthy and Happy with my family)

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျရောက်မည့် “(၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့” အထိမ်းအမှတ်အဖြစ် Save the Children International နှင့် Social Care Volunteer Group (SCVG) အဖွဲ့တို့မှ ယခုအစီအစဉ်လေးကို ပူးပေါင်းစီစဉ်လိုက်ခြင်း ဖြစ်ပါတယ်။

ဘယ်လို ဓါတ်ပုံတွေနဲ့ ဝင်ပြိုင်လို့ ရမလဲ?

  • ကိုဗစ်-၁၉ ကာလအတွင်း ကလေးသူငယ်များသည် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ဘေးကင်းလုံခြုံစွာနှင့် ကျန်းမာပျော်ရွှင်စွာ လေ့လာသင်ယူမှုကို ထင်ဟပ်စေသည့် ဓါတ်ပုံများ
  • ကလေးသူငယ်များရဲ့ စိတ်ခံစားချက်ကို မိသားစုဝင်များမှ သိရှိနားလည်ပြီး ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုနှင့် ဂရုစိုက်မှုကို ပြသသည့် ဓါတ်ပုံများ
  • ကလေးသူငယ်အခွင့်အရေးများကို လေးစားလက်ခံပြီး ဖြည့်ဆည်းပေးမှုကို ထင်ဟပ်စေသည့် ဓါတ်ပုံ

မိသားစုတစ်စုကို ဓါတ်ပုံတစ်ပုံပဲ ဝင်ပြိုင်လို့ ရမှာဖြစ်တယ်ဆိုတာလည်း သတိပြုစေချင်ပါတယ်နော်…

ဘယ်လိုပါဝင်ယှဉ်ပြိုင်ရမှာလဲ

ပြိုင်ပွဲဝင်လိုသူ မိသားစုများသည် အထက်မှာဖော်ပြထားတဲ့ အချက်များနဲ့ ကိုက်ညီတဲ့ မိသားစုဓါတ်ပုံတစ်ပုံကို အောက်ပါသတင်းအချက်အလက်များနှင့်အတူ (၅-၁၁-၂၀၂၀) ရက် (ကြာသပတေးနေ့) နောက်ဆုံးထားပြီး 💌 SCVG Facebook Page သို့ 💌 messenger 💌မှတဆင့် ပေးပို့၍ ဖြစ်စေ၊ 📧[email protected] 📧သို့ အီးမေးလ်ပေးပို့၍ ဖြစ်စေ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

• ပြိုင်ပွဲဝင် မိသားစု၏ 💙Facebook account💙

• ပြိုင်ပွဲဝင် မိသားစု/ ကလေး၏အမည်၊ 👶🧒👨‍👩‍👧‍👧

🔖နေရပ်လိပ်စာ၊ 🔖

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်(များ)☎️ စသည်တို့တို့လည်း တပါတည်း ပေးပို့ ပေးရမှာပါနော်

Save the Children International နှင့် SCVG မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်တော့ ရမှာ မဟုတ်ပါဘူးနော်… 🏆🏆

ဘယ်လိုဆုတွေ ချီးမြှင့်မှာလဲ?

SCVG က အောက်ပါ ဆုအမျိုးအစား (၅) ဆုကို ရွေးချယ်ချီးမြှင့်သွားမှာနော်။

1️⃣ ပြိုင်ပွဲခေါင်းစဉ်နှင့်အညီ ကလေးသူငယ်အခွင့်အရေးကို ပေါ်လွင်စွာ ဖော်ညွှန်းပေးနိုင်မှု အကောင်းဆုံးဆု (၃) ဆု 🎁🥇🏆

🥇ပထမဆု – (၃၀၀,၀၀၀) ကျပ်တန်ဖိုးရှိ မိုဘိုင်းဖုန်းတစ်လုံးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ 📱🎇

🥈ဒုတိယဆု – (၂၀၀,၀၀၀) ကျပ်တန်ဖိုးရှိ (၃၂ လက်မ တီဗွီတစ်လုံး) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ🖥️

🥉 တတိယဆု – (၁၀၀,၀၀၀) ကျပ်တန်ဖိုးရှိ ကျောင်းသုံး သင်ထောက်ကူ ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ 🎒🎹📚✏️📐📏⚽🦎🕊️

2️⃣ ဓါတ်ပုံပညာနှင့် အရည်အသွေးပိုင်းဆိုင်ရာ အကောင်းဆုံးဆု (၁) ဆု – (၂၀၀,၀၀၀) ကျပ်တန်ဖိုးရှိ (၃၂ လက်မ တီဗွီတစ်လုံး) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ🖥️

3️⃣ Facebook အသုံးပြုသူများ၏ နှစ်သက်မှု အများဆုံး ရရှိသည့် ဆု (၁) ဆု – (၂၀၀,၀၀၀) ကျပ်တန်ဖိုးရှိ (၃၂ လက်မ တီဗွီတစ်လုံး) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ🖥️

(၅-၁၁-၂၀၂၀) ရက်နေ့နောက်ဆုံးထားပြီး ရောက်ရှိလာတဲ့ ပြိုင်ပွဲဝင်မိသားစုဓါတ်ပုံများကို SCVG ရဲ့ 💙 Facebook 💙စာမျက်နှာမှတဆင့် (၆-၁၁-၂၀၂၀) ရက် (သောကြာနေ့) မှာ စတင်၍ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဆုရွေးချယ်ခြင်းအစီအစဉ်

အမှတ်စဉ် (၁) နှင့် (၂) ဆုအမျိုးအစားများကိုတော့ ဒိုင်အဖွဲ့မှာ အကဲဖြတ်ရွေးချယ်သွားမှာဖြစ်ပြီး facebook အသုံးပြုသူများ၏ နှစ်သက်မှု အများဆုံး ရရှိသည့် ဓါတ်ပုံကို ရွေးချယ်ရန်အတွက် (၆-၁၁-၂၀၂၀) (သောကြာနေ့) မှ (၁၅-၁၁-၂၀၂၀) (တနင်္ဂနွေနေ့) ရက်နေ့အထိ ✅“like 👍(၁) မှတ်,love ❤️(၂) မှတ်, care 🥰(၃) မှတ်, wow 😲(၁)မှတ်” ပြီးတော့ “👐share (၅) 👐မှတ်” စသည့်တို့ဖြင့် ထည့်သွင်းရေတွက်ပြီး ဆုရွေးချယ် သွားမှာ ဖြစ်ပါတယ်။

ဆုရရှိသူများစာရင်းကိုလည်း (၁၉-၁၁-၂၀၂၀) ရက် (ကြာသပတေးနေ့)မှာ ကြေညာပေးသွားမှာနော်👩‍👩‍👧‍👧✳️ဒါအပြင် အထူးအစီအစဉ်အနေနဲ့ဆုရရှိသူ မိသားစုဝင်များနှင့်အတူ (၂၀-၁၁-၂၀၂၀) ရက်နေ့ အွန်လိုင်းမှတဆင့် ဆွေးနွေးပွဲတစ်ရပ်ကို ဖိတ်ခေါ်ဆွေးနွေးသွားမှာဖြစ်တဲ့ အပြင် ✳️👨‍👩‍👧🗓️ဆုရွေးချယ်ခြင်းခံရတဲ့ ဓာတ်ပုံ (၅) ပုံကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုတဲ့အနေနဲ့ SCVG မှ ထုတ်ဝေမယ့် ၂၀၂၁ ခုနှစ် ပြက္ခဒိန်မှာ ထည့်သွင်းအသုံးပြုသွားမှာပါနော်👨‍👨‍👧‍👦🗓️📅🙀

ဆုလက်ဆောင်တွေက မိသားစုအတွက် အမှတ်တရဖြစ်စေမှာဖြစ်ပြီးတော့ ကိုဗစ်ကာလအတွင်းမှာ ပျော်ရွှင်စေမှာဖြစ်တယ်နော် ပါဝင်ဖြစ်အောင် ပါဝင်ဖို့ တိုက်တွန်းပါတယ်နော်🙀💫

ကဲ အောက်မှာ ရေးထားတဲ့ ရက်တွေကိုတော့ သေချာမှတ်ထားဖို့ အရေးကြီးတယ်နော်💫🗓 ၅-၁၁-၂၀၂၀ (ကြာသပတေးနေ့) ပြိုင်ပွဲဝင်ဓါတ်ပုံများကို နောက်ဆုံးပေးပို့ရမည့်ရက်💟🗓 ၆-၁၁-၂၀၂၀ (သောကြာနေ့) ပြိုင်ပွဲဝင်ဓါတ်ပုံများကို SCVG ရဲ့ Facebook စာမျက်နှာမှာ စတင်လွှင့်တင်မည့် ရက်💞🗓၁၅-၁၁-၂၀၂၀ (တနင်္ဂနွေနေ့) ပြိုင်ပွဲဝင်ဓါတ်ပုံများမှ Facebook အသုံးပြုသူများ၏ ရွေးချယ်မှု ရေတွက်ရန် နောက်ဆုံးသတ်မှတ်သည့် ရက်🧡🗓၁၉-၁၁-၂၀၂၀ (ကြာသပတေးနေ့) ပြိုင်ပွဲဝင် မိသားစုဓါတ်ပုံများ ဆုရရှိသူစာရင်းကို ထုတ်ပြန်ကြေညာခြင်း❣️🗓 ၂၀-၁၁-၂၀၂၀ (သောကြာနေ့) ဆုရရှိသူ မိသားစုဝင်များနှင့် အွန်လိုင်းမှတဆင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခြင်း💚

#SafeHealthyAndHappyFamily#UNCRC#COVID19

Spread the love