ဤလေ့လာဆန်းစစ်မှုကို ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ်)နှင့် လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းအဖွဲ့ (SCVG) တို့မှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အနီးကပ်ညှိနှိုင်းမှုဖြင့် ကောက်ယူခဲ့ပါသည်။
လေ့လာဆန်းစစ်မှုတွင် မကွေးတိုင်းဒေသကြီးမှ မြို့နယ်သုံးခုဖြစ်သော ပခုက္ကူ၊ အောင်လံနှင့် သရက်မြို့နယ်တို့ပါဝင်ပြီး မန္တလေးတိုင်းဒေသကြီးမှ မိတ္ထီလာ၊ တောင်သာနှင့် သပိတ်ကျင်းမြို့နယ်တို့ ပါဝင်သည်။
လေ့လာအကဲခတ်မှု၏ ရည်ရွယ်ချက်များမှာ –
၁။ နေရပ်ပြန်လာသူများနှင့် ၎င်းတို့၏ အသိုက်အဝန်း/ ရပ်ရွာကြား တွေ့ကြုံရသော အခက်အခဲများနှင့် အနာဂါတ်ရည်မှန်းချက်များကို သိရှိနားလည်ရန်။
၂။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေရပ်ပြန်များ ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ဖြေရှင်းရာတွင် သက်သောအထောက်အထားအခြေပြုသည့် တုန့်ပြန်မှုအား အထောက်အကူဖြစ်စေရန်။
Download PDF